Basic Solar PV System Design and Installation ပြင်ပလက်တွေ့သင်တန်း အမှတ်စဉ်(14)
Basic Solar PV System Design Online သင်တန်းကို သင်တန်းသား(၂၄၀၀)ကျော် တက်ရောက် ခဲ့ကြတဲ့ အထိ ခရီးပေါက်ခဲ့ပြီး
ပြင်ပ Solar System Training Packageများကို
Aung Phone Pyae Co.,Ltd.
MPNM Co.,Ltd.
G-Link Electro Trading Co.,Ltd.
Sanli Environmental(Myanmar) Co.,Ltd.
Stanol Myanmar Co.,Ltd.
IME Construction Co.,Ltd.
Myo Thein Electronic(Yangon).
Grand Royal Group of Co.,Ltd.
SL Solar Co.,Ltd.
တို့တွင် ပြုလုပ်ပေးခဲ့ပြီးနောက်
ဆိုလာတပ်ဆင်ခြင်းလုပ်ငန်းနယ်ပယ်ထဲကို စတင်အခြေချလိုသူများ နည်းစနစ်ကျကျနန၊ယုံကြည်မှု
ပြည့်ပြည့်ဝဝနဲ့ လုပ်ကိုင်နိုင်ကြစေဖို့ရည်ရွယ်ကာ
ယခု ပြင်ပလက်တွေ့သင်တန်းကို NeoX Energyနဲ့
ပူးပေါင်းပြီး လက်တွေ့ပစ္စည်းအစုံအလင်နဲ့ (၁၄)ကြိမ်မြောက် သင်တန်းအဖြစ် သင်ကြားပေးဖို့စီစဉ်ထားတာဖြစ်ပါတယ်။
သင်တန်းကနေ ဘာတွေသင်ပေးမှာလဲ
နေဘယ်လိုထွက်သလဲ၊နေကနေ စွမ်းအင်ဘယ်လောက်ရနိုင်သလဲ၊အလင်းမှာဘာတွေပါသလဲ၊နေလမ်းကြောင်း ဘယ်လိုကြည့်မလဲ၊အရပ်မျက်နှာဘယ်လိုကြည့်မလဲ၊Azimuth/Tilt Angleဆိုတာတွေက ဘာတွေလဲ၊အဲဒါတွေသေချာသိရပါမယ်။
ဆိုလာပြားတွေကနေ စွမ်းအင်ဘယ်လိုရသလဲ၊
ဆိုလာအမျိုးအစားတွေ ဘယ်လိုခွဲမလဲ၊ဆိုလာသက်တမ်းက ဘယ်လောက်ခံမလဲ၊ဆိုလာပြားမှာရေးထားတဲ့အချက်အလက်တွေကို ဘယ်လိုဖတ်ပြီး ဘယ်လိုယူသုံးမလဲ၊အပူချိန်များရင် ဘယ်လိုသက်ရောက်မှုတွေရှိမလဲ၊စွမ်းအင်အများဆုံးရအောင် ဘယ်လိုတပ်မလဲ။Mono/Poli/Half-Cell/Bifacial/P-Type/N-Typeဆိုတာတွေက ဘာလဲ၊
အဲဒါတွေသေချာသိရပါမယ်။
အင်ဗာတာဆိုတာဘာလဲ၊အမျိုးအစားတွေ ဘယ်နှစ်မျိုးရှိသလဲ၊သက်တမ်းဘယ်လောက်ခံသလဲ၊
MPPTနဲ့PWMဘယ်သူကပိုကောင်းသလဲ၊
On-grid /Off-grid/Hybrid/Surge Factor/Low Frequency/High Frequency/Maximum Vocစတာတွေက ဘာတွေလဲ၊အင်ဗာတာတပ်ဖို့ နေရာဘယ်လိုရွေးမလဲ၊ဘာတွေ သတိထားရမလဲ၊ဘယ်လိုProcedureနဲ့ စပြီးဖွင့်ရသလဲ၊သေချာသိရပါမယ်။အင်ဗာတာ Settingတွေလည်းကိုယ်တိုင်ထည့်တတ်တဲ့အထိ လက်တွေ့သင်ရပါမယ်။
ဘက်ထရီအမျိုးအစားတွေဘယ်နှစ်မျိုးရှိသလဲ၊သက်တမ်းတွေဘယ်လောက်ခံကြသလဲ၊တချို့ဘက်ထရီတွေဘာလို့ သက်တမ်းတိုတာလဲ၊Maintenanceဘယ်လိုလုပ်မလဲ၊Cycle Curveတွေ ဘယ်လိုဖတ်မလဲ၊Cutoff Voltageကို ဘယ်လောက်ထားရမလဲ၊DOD/SOC/Bulk Charge/Float Charge/Equalizationဆိုတာတွေက ဘာတွေလဲ၊Charge Rate/Discharge Rate ဆိုတာက ဘာတွေလဲ၊ဘက်ထရီတွေကို Series/Parallelဘယ်လိုချိတ်မလဲ၊တပ်ဆင်တဲ့အခါ ဘယ်အချက်တွေကို အထူးဂရုစိုက်ရမလဲ၊ကြိုးတွေပြန်ဖြုတ်ဖို့လိုရင် စံနစ်တကျ ဘယ်လိုပြန်ဖြုတ်မလဲ၊Ah/kWhဆိုတာကဘာတွေလဲ၊ BMSဆိုတာကရော ဘာလဲ၊စတာတွေ သေချာသိရပါမယ်။BMSစံနစ် ပါတဲ့Battery ကို Inverterနဲ့ Communication ချိတ်တာတွေ၊Wifi-Kitတပ်ပြီး ဖုန်းထဲက ကြည့်လို့ရဖို့ Configuration လုပ်တာတွေ လက်တွေ့လုပ်ကြည့်ရပါမယ်။
ဆိုလာကြိုးတွေဝယ်ရင် ဘယ်လိုရွေးဝယ်မလဲ၊
LSZH/Heat Resistance/UV Resistanceပါတာတွေ ဘာကြောင့်ရွေးသင့်တာလဲ၊ကြိုးဆိုဒ်ဘယ်လိုရွေးရမလဲ၊ဘက်ထရီကြိုးတွေကိုရော ဘယ်လိုရွေးရမလဲ၊Fuseတွေ၊Breakerတွေ၊SPDတွေ ဘယ်လိုရွေးရမလဲ၊Dry Contactတွေကို ဘယ်လိုသုံးရသလဲ၊
မိုးကြိုးလွှဲစံနစ် ဘယ်လိုတပ်ရသလဲ၊မြေဓာတ်ချစံနစ် ဘယ်လိုတပ်ရသလဲ၊သေချာသိရပါမယ်။
ဆိုလာပြားတွေအထိုင်ချဖို့ Aluminium Rail/L-Feet/Mid Clamp/End Clamp/Grounding Clampတွေ ကိုယ်တိုင်ရွေးချယ်တတ်ပါမယ်။
ဆိုလာစံနစ်ဒီဇိုင်းတွက်ချက်ခြင်းအပိုင်းမှာတော့
(က)ဝန်အားတွက်ချက်ခြင်း
(Load Calculation)
(ခ)ဆိုလာပြား အချပ်ရေနှင့် ပြိုင်ဆက်/တန်းဆက် တွက်ချက်ခြင်း
(Solar PV Modules)
(ဂ)ဘက်ထရီအရေအတွက်နှင့် ပြိုင်ဆက်/တန်းဆက် တွက်ချက်ခြင်း
(Battery Selection)
(ဃ)အင်ဗာတာရွေးချယ်ခြင်း
(Inverter System)
(င)ကွန်ထရိုလာရွေးချယ်ခြင်း
(Controller Unit)
(စ)ကြိုးနှင့်ဘရေကာ ရွေးချယ်ခြင်း
(Cables and Breakers)
(ဃ)တပ်ဆင်မည့်နေရာရွေးချယ်ခြင်း
( Location Choice)
(င)ကုန်ကျစရိတ်တွက်ချက်ခြင်း
(Estimation)စတာတွေ သေချာသင်ရပါမယ်။
လက်တွေ့တပ်ဆင်ခြင်းအပိုင်းမှာတော့
ဆိုလာတွေလည်းအထိုင်ကအစတပ်ရပါမယ်၊
အင်ဗာတာလည်းတပ်ရပါမယ်၊Settingတွေလည်း ကိုယ်တိုင်ချိန်ကြည့်ရမယ်၊Wifiလည်းချိတ်ရမယ်၊ BMS Communication လည်းချိတ်ကြည့်ရမယ်၊Combiner Boxလည်းဆင်ကြည့်ရမယ်၊Parallelချိတ်ပြီး 3Phaseပြောင်းတာလည်း လုပ်ကြည့်ရပါမယ်၊Site Surveyဘယ်လိုဆင်းရမယ် ဆိုတာက စလို့ ပစ္စည်းသွင်းဖို့ကိစ္စတွေအထိလည်းအကြံဉာဏ်ကောင်းတွေရနိုင်တာမို့
Installationလုပ်တတ်ချင်တဲ့သူတွေ၊ဆိုင်ဖွင့်ချင်တဲ့သူတွေအတွက် လက်မလွှတ်သင့်တဲ့ သင်တန်းဖြစ်ပါတယ်။
လက်တွေ့ပိုင်းတွေမှာ ထိထိရောက်ရောက်ဖြစ်စေဖို့အတွက် သင်တန်းသားဦးရေ အကန့်အသတ်နဲ့ လက်ခံသင်ကြားမှာဖြစ်ပါတယ်။
၂၀၂၄ခုနှစ် ဇူလိုင်လ(၈)ရက်နေ့မှာ သင်တန်းစတင်မှာဖြစ်ပါတယ်။
သင်တန်းကြေး၂၅၀၀၀၀ကျပ်နဲ့ တက်ရောက်နိုင်မှာဖြစ်ပြီး သင်တန်းကာလ(၆)ရက်ကြာမြင့်မှာဖြစ်ပါတယ်။
သင်တန်းအချိန်ကတော့
Monday to Saturday
နံနက်(၉)နာရီမှညနေ(၄)နာရီအထိ ဖြစ်ပါတယ်။
သင်တန်းတည်နေရာ။ ။အမှတ်(၄၁)၊မြေနီကုန်းဈေးလမ်း၊မြေနီကုန်း၊စမ်းချောင်းမြို့နယ်၊ရန်ကုန်မြို့။
ဆက်သွယ်ရန်
လျှပ်စစ်ဝန်ဆောင်မှုလုပ်ငန်းစု
ESE Engineering Training
09785338566
လျှပ်စစ်နှင့် ဆိုလာနည်းပညာဆိုင်ရာ
လေ့လာစရာများ ဆက်လက်လေ့လာနိုင်စေရန်အတွက် အောက်ပါViber Channelကိုလည်း Subscribe
ပြုလုပ်ထားပေးကြစေချင်ပါတယ်ခင်ဗျာ။
We use cookies to analyze website traffic and optimize your website experience. By accepting our use of cookies, your data will be aggregated with all other user data.